Digital Onboarding & Offboarding Management

July 6, 2023

ဒီနေ့ခေတ်မှာ ကုမ္ပဏီအများစုက ဝန်ထမ်းအသစ်ခန့်အပ်တော့မယ်ဆိုရင် အရည်အချင်းတင်မကဘဲ ကိုယ့်လုပ်ငန်းအတွက် အပြောင်းအလဲတစ်ခုဖြစ်ပြီး အကျိုးဖြစ်ထွန်းနိုင်မယ့်အရာတွေကို ဆောင် ကျဥ်းပေးနိုင်တဲ့ ဝန်ထမ်းတွေကို ပိုပြီး လိုလားကြပါတယ်။

HR တွေအနေနဲ့ ဒီလို ဝန်ထမ်းသစ် ခေါ်ယူခန့်အပ်တဲ့အခါ အဆင့်ဆင့်လုပ်ဆောင်ရတဲ့ တာဝန်တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးသလို နှုတ်ထွက်တဲ့အခါမှာလည်း ပေးအပ်ထားတဲ့ Asset တွေစစ်ဖို့နဲ့ ကျန်ရှိနေတဲ့ လုပ်ငန်းစဥ်တွေကို ချောမွေ့အောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို အရေးကြီးတဲ့ လုပ်ငန်းစဥ်နှစ်ခုကို Innovix HR Software မှာ ဘယ်လိုချိတ်ဆက်ပြီး လုပ်ဆောင်နိုင်မလဲဆိုတာကို အနည်းငယ်မျှဝေပေးချင်ပါတယ်။

• အလုပ်လာလျှောက်တဲ့ လျှောက်လွှာဖောင်တွေကို ရာထူးနေရာအလိုက် စနစ်တကျ သိမ်းဆည်းမှတ်သားနိုင်ပြီး အင်တာဗျူးဖို့အတွက် System ထဲကနေ မေးလ်ပို့ပြီး ချိန်းဆိုနိုင်ပါတယ်။

• ဒီကနေမှတစ်ဆင့် ဝန်ထမ်းတစ်ယောက်ကို ခန့်အပ်လိုက်ပြီဆိုတာနဲ့ System ကနေ Welcome Email ပေးပို့နိုင်ပြီး ဝန်ထမ်းရဲ့ Personal Information, Public Informationနဲ့ ကုမ္ပဏီက ထောက်ပံ့ပေးမယ့် Asset တွေကို သိမ်းဆည်းမှတ်သားထားနိုင်ပါတယ်။

• ဒါ့အပြင် ဝန်ထမ်းကို Orientation Session ပြုလုပ်ပေးဖို့လည်း Schedule ချမှတ်သားထားနိုင်ပြီး လိုအပ်တဲ့ Training တွေထောက်ပံ့ဖို့အတွက်လည်း သက်ဆိုင်ရာ Module တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

• ဝန်ထမ်းနှုတ်ထွက်သွားတဲ့အခါမှာလည်း System ကနေ Exit Interview ချိန်းဆိုပြီး လိုအပ်တဲ့ Survey တွေကောက်ယူကာ သိမ်းဆည်းထားနိုင်ပါတယ်။ ဒါက ကိုယ့်လုပ်ငန်းရဲ့ ဝန်ထမ်းထွက်နှုန်းတွေကို ပြန်လည်လေ့လာဆန်းစစ်လိုတဲ့အခါ အထောက်အကူပြုပေးနိုင်ပါတယ်။

• နှုတ်ထွက်ဖို့ အတည်ပြုပြီးတာနဲ့ ကျန်ရှိနေတဲ့ တာဝန်တွေ၊ ဝန်ထမ်းကို ပေးအပ်ထားတဲ့ Asset တွေကို ပြန်လည် စစ်ဆေးကြည့်ရှု့နိုင်ပါတယ်။

ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတွေက ပင်မရေသောက်မြစ်တစ်ခု ဖြစ်တဲ့ အတွက် ဝန်ထမ်းအဝင်အထွက် Procedure တွေကို ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဝန်ထမ်းအသစ် ခန့်အပ်တဲ့အခါမှာ နဲ့ နှုတ်ထွက်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ လစ်ဟာမှုတွေမရှိဘဲ ချောမွေ့အောင် ဆောင်ရွက်နိုင်ဖို့ Innovix HR ကို အသုံးပြုလိုတယ်ဆိုရင်တော့ အောက်ပါလိပ်စာအတိုင်း ဆက်သွယ်လိုက်ပါနော်။

☎️ Phone Number: 09 447892959, 09 979172645