𝙃𝙍 𝙎𝙤𝙛𝙩𝙬𝙖𝙧𝙚 တိုင်းမှာ ရှိသင့်သော 𝙁𝙚𝙖𝙩𝙪𝙧𝙚𝙨 များ

January 22, 2021

ဝန်ထမ်းရေးရာတွေကို စီမံခန့်ခွဲတဲ့အခါမှာ HR တစ်ယောက်ရဲ့ နေ့တဓူဝ တာဝန်တွေကို အချိန်ကုန်သက်သာစွာ စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့အတွက် ဆိုရင် HR Management Software တစ်ခု ရဲ့ အကူအညီ လိုအပ်ပါတယ်။

ဒါ့ကြောင့် HR တစ်ယောက်ရဲ့တာဝန်တွေကိုကူညီဖြေရှင်းပေးနိုင်မယ့် HR Management Software တွေမှာ မဖြစ်မနေ ပါဝင်ရမယ့် HR Features တွေကိုဖော်ပြပေးလိုက်ပါတယ်။

🔹𝘾𝙡𝙤𝙪𝙙 𝘽𝙖𝙨𝙚𝙙 𝙁𝙚𝙖𝙩𝙪𝙧𝙚𝙨 – HR System က Cloud Based System ဖြစ်မယ်ဆိုရင် ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကနေ အင်တာနက်ရှိရုံ နဲ့ အချိန်မရွေး ဝင်ရောက်အသုံးပြုနိုင်မှာဖြစ် ပြီး သင့်ရဲ့ HR Database ကို Centralized လုပ်နိုင်မှာဖြစ်လို့ အရေးအပါဆုံး အချက်ဖြစ်ပါတယ်။ Cloud Based HR System က On-Premise Software များလို Installation ပြုလုပ်ရာမှာ ကြုံတွေ့တဲ့ အခက်အခဲတွေ၊ Software Update တင်တဲ့အခါမှာ အချိန်ကြာခြင်းတွေ မရှိတော့ဘဲ ရေရှည်မှာ Cost-Effective ဖြစ်စေမှာ ဖြစ်ပါတယ်။

🔹𝙀𝙢𝙥𝙡𝙤𝙮𝙚𝙚 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩 𝙁𝙚𝙖𝙩𝙪𝙧𝙚𝙨 – HR တွေရဲ့ အဓိက အရေးကြီး Feature ဖြစ်တဲ့ Employee Management Function မှာ ဝန်ထမ်း ရှာဖွေခန့်အပ်ခြင်း နဲ့ မတူညီတဲ့ Department တိုင်းမှ ဝန်ထမ်း အားလုံးရဲ့ အချက်အလက်တွေ ထိန်းသိမ်းခြင်း တို့အပြင် ဝန်ထမ်းတစ်ယောက်ချင်းစီ အတွက် Shift များကို Assign ခွဲဝေပေးခြင်း၊ အချိန်ဇယားဆွဲခြင်း စတဲ့ HR Process တွေကို ပြုလုပ်နိုင်ရမှာ ဖြစ်ပါတယ်။

🔹𝘼𝙩𝙩𝙚𝙣𝙙𝙖𝙣𝙘𝙚 & 𝙇𝙚𝙖𝙫𝙚 𝙏𝙧𝙖𝙘𝙠𝙞𝙣𝙜 – HR Manager အနေနဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ ရုံးတက်၊ ရုံးဆင်းချိန်နဲ့ ခွင့်ရက်များကို Dashboard ကနေတဆင့် စောင့်ကြည့်စစ်ဆေးနိုင်ပြီး Attendance Record List က Payroll System နဲ့ချိတ်ဆက်ကာ Payslip အလွယ်တကူ ထုတ်နိုင်ရမှာ ဖြစ်ပါတယ်။

🔹𝙐𝙨𝙚𝙧 𝙁𝙧𝙞𝙚𝙣𝙙𝙡𝙮 𝘿𝙚𝙨𝙞𝙜𝙣 – မိမိလုပ်ငန်းမှာ အသုံးပြုမယ့် HR Software က HR Manager ရော ဝန်ထမ်းတွေပါ အသုံးပြုရ လွယ်ကူစေမယ့် User Friendly Design ဖြစ်စေဖို့ လိုအပ်ပါတယ်။

🔹𝙎𝙚𝙖𝙢𝙡𝙚𝙨𝙨 𝘿𝙖𝙩𝙖 𝙍𝙚𝙘𝙤𝙣𝙘𝙞𝙡𝙞𝙖𝙩𝙞𝙤𝙣 – Manual မှ HR System သို့ ရွှေ့ပြောင်းတာပဲ ဖြစ်ဖြစ်၊ Old Data များကို ပြန်သွင်းချင်တာပဲ ဖြစ်ဖြစ် Excel Spreadsheet များမှ System ပေါ်သို့ Data အချက်အလက်များ Import/ Export အလွယ်တကူ ပြုလုပ်နိုင်မှသာ အချိန်ကုန်သက်သာစေပြီး Human Error တွေကိုပါ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

🔹𝘼𝙪𝙩𝙤𝙢𝙖𝙩𝙚𝙙 𝙉𝙤𝙩𝙞𝙛𝙞𝙘𝙖𝙩𝙞𝙤𝙣𝙨 – လုပ်ငန်းခွင်အတွင်း ဆက်သွယ်မှု မနှောင့်နှေးစေဖို့ Company စည်းမျဥ်းစည်းကမ်းများ Update ပြုလုပ်ခြင်း နဲ့ အရေးကြီး အကြောင်းကြားစာများ ပေးပို့ခြင်းတွေမှာ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းကို System ကနေ Auto Notification ပြုလုပ်နိုင်ဖို့ အရေးကြီးပါတယ်။

🔹𝙀𝙢𝙥𝙡𝙤𝙮𝙚𝙚 𝙎𝙚𝙡𝙛-𝙎𝙚𝙧𝙫𝙞𝙘𝙚 – ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့ Personal Information ၊ အလုပ်နဲ့ဆိုင်တဲ့ Data အချက်လက်တွေကို ကိုယ်တိုင် ပြုပြင်ပြောင်းလဲ ထည့်သွင်းနိုင်ရန် Access ပေးထားနိုင်ခြင်းက HR တွေရဲ့တာဝန်တွေကို ကူညီဆောင်ရွက်ပေးပြီးသား ဖြစ်စေပါတယ်။

🔹𝙄𝙣𝙩𝙚𝙧𝙤𝙥𝙚𝙧𝙖𝙗𝙞𝙡𝙞𝙩𝙮 – မိမိအသုံးပြုမယ့် HR Software ကအခြား Accounting, ERP စတဲ့ Enterprise Software များနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ အခြား လုပ်ငန်းသုံး Software များနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်ခြင်းက လုပ်ငန်းတွင်း လည်ပတ်မှုတွေကို ပိုမိုအားကောင်းစွာ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

🔹𝘿𝙚𝙛𝙞𝙣𝙚𝙙 𝙐𝙨𝙚𝙧 𝙍𝙤𝙡𝙚𝙨 – ဝန်ထမ်းတွေရဲ့အရေးကြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သက်ဆိုင်ရာ Head of Department, Manager, လုပ်ငန်းရှင် စတဲ့ တာဝန်ရှိသူများမှအပ အခြားသူများ လွယ်ကူစွာမသိရှိ၊ မပေါက်ကြားစေရန် User Permission Role များ ကန့်သတ်ထားနိုင်ဖို့ လိုအပ်ပါတယ်။

🔹𝘿𝙮𝙣𝙖𝙢𝙞𝙘 𝙍𝙚𝙥𝙤𝙧𝙩𝙨 – ဝန်ထမ်းတွေရဲ့ တိကျမှန်ကန်တဲ့ Data တွေကို စီစစ်ပြီး လအလိုက်၊နှစ်အလိုက် Report များကို အသေးစိတ် ထုတ်ယူနိုင်ရန် အရေးကြီး ပါတယ်။

အခုလို သင့်လုပ်ငန်းအတွက် အရေးပါတဲ့ HR Features တွေကို စုံစုံလင်လင် အသုံးပြုချင်တယ်ဆိုရင် 𝙄𝙣𝙣𝙤𝙫𝙞𝙭 𝙃𝙍 က ကူညီပေးဖို့ အစဉ်သင့်ရှိနေပါတယ်။
𝙄𝙣𝙣𝙤𝙫𝙞𝙭 𝙃𝙍 နဲ့ပက်သက်ပြီး အသေးစိတ်သိရှိလိုလျှင် 09 420275783, 09 979172645, 09 985648963 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။