Innovix HR ရဲ့ Shift Management နဲ့ ဝန်ထမ်းအလုပ်ချိန်တွေကို စနစ်တကျ စီမံခန့်ခွဲလိုက်ပါ။

January 22, 2021

HR တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာရှိတဲ့ ဝန်ထမ်းတွေကို ဂျူတီ Assign ချပေးဖို့ အတွက် Shift Schedule တွေကို manually ရေးဆွဲနေတုန်းပဲလား?

များပြားလှတဲ့ Shift တွေကို Assign လုပ်ရင်း အချိန်တွေ ကုန်ခံဖို့ မလိုတော့ပါဘူး။ Innovix HR မှာ အချိန်ကုန်သက်သာစွာနဲ့ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ချိန်တွေကို Shift Schedule ချမှတ်နိုင်ပါပြီ။

ဆေးရုံ၊ ဟိုတယ်၊ ဆောက်လုပ်ရေး၊ စက်ရုံ၊ စားသောက်ဆိုင်များနဲ့ Retail ဆိုင်များ စတဲ့ Shift နဲ့ အလုပ်ဆင်းရတဲ့ လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းရဲ့ အလုပ်လုပ်ချိန်တွေကို စနစ်တကျ Assign ချပေးဖို့အတွက် Innovix HR ရဲ့ တိကျမှန်ကန်တဲ့ Shift Management System ကို အသုံးပြုပြီး ဆောင်ရွက်နိုင်ပါတယ်။

 

Innovix HR ရဲ့ Shift Management System မှာ –

 

– ဝန်ထမ်းတွေရဲ့ Shift နဲ့ အလုပ်လုပ်ချိန်တွေကို ကြိုတင် Assign ချမှတ်ပေးနိုင်ခြင်း ၊

– တိကျမှန်ကန်တဲ့ Check In, Check Out အချိန်တွေကို Record မှတ်သားထားနိုင်ခြင်း ၊

– ဝန်ထမ်းတစ်ဦးချင်းစီရဲ့ Shift Schedule ကို ပြန်လည် ကြည့်ရှုစစ်ဆေးနိုင်ခြင်း ၊

– Late Minute နဲ့ Early Check-In, Check-Out အချိန်တွေကို မှတ်သားပေးနိုင်ခြင်း ၊

– ဝန်ထမ်းရဲ့ အလုပ်လုပ်ခဲ့တဲ့အချိန်တွေကို Payroll System နဲ့ချိတ်ဆက်ပြီး လစာတွက်ချက်ပေးနိုင်ခြင်း ၊

– ဒါ့အပြင် Excel ပေါ်မှာ ရေးဆွဲထားတဲ့ Shift Schedule များကို System ပေါ်သို့ Import ထည့်သွင်း၍လည်း အသုံးပြုနိုင်ခြင်း ၊ စတဲ့ လုပ်ဆောင်ချက် များစွာကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

 

Innovix HR ကို သင့်ရဲ့ Shift Management အတွက် အသုံးပြုခြင်းဖြင့် Manual စနစ်တုန်းက သတိမမူမိဘဲ ဖြစ်တတ်တဲ့ အမှားအယွင်းလေးတွေကို အလွယ်တကူ ရှောင်လွှားနိုင်တဲ့အပြင် ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ Working Hours တွေကို ရက်သတ္တပတ်အလိုက် ၊ လအလိုက် ကြိုတင် စီမံခန့်ခွဲထားနိုင်တာကြောင့် မလိုအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေကို လျှော့ချစေနိုင်ပါတယ်။

အခုလို ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ချိန်တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး လစဥ်တိကျမှန်ကန်တဲ့ Report တွေကို အချိန်မီရရှိနိုင်တဲ့ Innovix HR ကို လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်မှာ အသုံးပြုချင်တယ်ဆိုရင် Innovix HR ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ 09 420275783, 09 979172645,09 985648963 ကိုဆက်သွယ်နိုင်ပါတယ်။