HR System ကို Software as a Service (SaaS) Model အနေနဲ့ အသုံးပြုသင့်တဲ့ အချက် 4️ ချက်

January 22, 2021

နည်းပညာတွေများစွာ ထွန်းကားနေတဲ့ လက်ရှိ Digital ခေတ်မှာ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုတွေကို ပိုမိုလျင်မြန်တိကျစေဖို့ HR Software တွေ အသုံးပြုပြီး ဆောင်ရွက်နေကြပါပြီ။

HR Software များကို On-Premise Model, Enterprise Model, SaaS Model အစရှိသဖြင့် အမျိုးမျိုး သုံးစွဲနိုင်တဲ့အထဲက ဘာကြောင့် SaaS Model အနေနဲ့ ရွေးချယ် အသုံးပြုသင့်လဲ ဆိုတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

💢 ကုန်ကျစရိတ်သက်သာခြင်း
SaaS Model ဟာ On-Premise Model, Enterprise Model များနဲ့ နှိုင်းယှဥ်လျှင် များစွာ ကုန်ကျစရိတ် သက်သာပါတယ်။ ကနဦး ရင်းနှီးမြှုပ်နှံမှု မရှိပဲ လစဉ်ကြေး ပေး၍ သုံးစွဲနိုင်တာကြောင့် System စတင် သုံးစွဲချင်တဲ့ လုပ်ငန်းများအတွက် အလွယ်တကူ စမ်းသပ်သုံးစွဲနိုင်ပါတယ်။

💢 အသုံးပြုရလွယ်ကူခြင်း
SaaS Model ဟာ Cloud Based System ဖြစ်တာကြောင့် ဝန်ထမ်းအားလုံး အနေနဲ့ Tablet, PC, Mobile စတဲ့ ကြိုက်နှစ်သက်ရာ Electronic Device များဖြင့် Internet ရှိတဲ့ နေရာဒေသ မရွေးမှနေ၍ လွယ်ကူစွာ ဝင်ရောက် အသုံးပြုနိုင်ပါတယ်။

💢 လုံခြုံစိတ်ချရခြင်း
အသုံးပြုသူများရဲ့ Privacy ကို ဦးစားပေးကာ လုံခြုံစိတ်ချရတဲ့ Cloud Server များ ၊ အဆင့်မြင့် Security Measure များ ထည့်သွင်းထားတဲ့ အတွက်ကြောင့် လုပ်ငန်းခွင်ရှိ Files များ၊ Documents များနဲ့ ဝန်ထမ်းများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ အားလုံးကို လုံခြုံစိတ်ချစွာ ထားရှိနိုင်မှာဖြစ်ပါတယ်။

💢 Features Upgrade များ ရရှိနိုင်ခြင်း
SaaS Model ရဲ့ အားသာချက် နောက်တစ်ခုကတော့ System Feature Upgrade များ ရရှိနိုင်တာကြောင့် Software ကို Latest Version အနေနဲ့ အမြဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အခုလို လုပ်ငန်းခွင်ရှိ HR Process တွေအားလုံး ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် HR System တစ်ခုကို လုပ်ငန်းတိုင်း လွယ်ကူစွာ ရွေးချယ်အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပြီး InnovixHR ကို SaaS Model အနေဖြင့် ဖန်တီးပေးထားပါတယ်။

အခုလိုအချိန်ဟာလည်း HR Process တွေအားလုံးကို Digital Transformation ပြောင်းလဲဖို့ အသင့်တော်ဆုံး အချိန် ဖြစ်တဲ့အတွက် HR System ကို သင့်လုပ်ငန်းမှာ စတင် အသုံးပြုနိုင်ဖို့ Innovix HR ကို အခုပဲ ဆက်သွယ်လိုက်ပါ။