အလိုအလျောက်စနစ်နဲ့ လည်ပတ်သင့်နေပြီ ဖြစ်တဲ့ HR လုပ်ငန်းစဉ် (၄) ခု

January 22, 2021

လွန်ခဲ့တဲ့ နှစ်အပိုင်းအခြားတွေကစလို့ စီးပွားရေးလုပ်ငန်းတွေမှာ နည်းပညာရဲ့ အကူအညီနဲ့ အလိုအလျောက်လုပ်ဆောင်တဲ့ စနစ်တွေက လွှမ်းမိုးလာပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာြကပါတယ်။

ဝန်ထမ်းရေးရာ ကိစ္စရပ်တွေမှာလည်း ဝန်ထမ်းခန့်အပ်တဲ့ အချိန်က စလို့ လစာပေးချေတဲ့ အချိန်ထိ လုပ်ဆောင်ရတဲ့ တာဝန်တွေကို HR Software တွေရဲ့ အကူအညီနဲ့ အလိုအလျောက်လည်ပတ်နိုင်အောင် ဆောင်ရွက်လာကြပါတယ်။

ဝန်ထမ်းရေးရာ ကိစ္စရပ်တွေကို အလိုအလျောက် စနစ်နဲ့ ပြောင်းလဲ ကျင့်သုံးတာက လုပ်ငန်းလည်ပတ်မှုကို လျင်မြန်လာစေပြီး နေ့စဥ်ထပ်တလဲလဲ လုပ်ဆောင်နေရတဲ့ တာဝန်ပိုတွေကို လျော့ချပေးနိုင်ပါတယ်။

Innovix HR က Cloud-Based Software တစ်ခုဖြစ်ပြီး ယနေ့ခေတ်စီးပွားရေးလုပ်ငန်းတွေရဲ့ ဝန်ထမ်းရေးရာ ကိစ္စရပ်တွေမှာ သမာရိုးကျ နည်းလမ်းတွေကြောင့် လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုတွေနဲ့ လူကြောင့်ဖြစ်တဲ့ အမှားတွေကို ကူညီလျော့ချပေးနိုင်ပါတယ်။

များပြားလှတဲ့ HR လုပ်ငန်းစဉ်တွေထဲကမှ Innovix HR Software ရဲ့ အကူအညီနဲ့ အလိုအလျောက် လည်ပတ်သင့်နေပြီ ဖြစ်တဲ့ HR လုပ်ငန်းစဉ် (၄) ခု အကြောင်းကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

🔷Time and Attendance Record 🔷

HR Team အနေနဲ့ များပြားလှတဲ့ ဝန်ထမ်းတွေရဲ့ ရုံးတက်ရုံးဆင်းချိန်တွေကို Manual စနစ်နဲ့ ကောက်ယူမယ်ဆိုရင် မလိုအပ်ဘဲ တာဝန်တွေပိုနေတတ်ပါတယ်။ ဝန်ထမ်းတွေရဲ့ နေ့စဥ် Attendance ကို ကောက်ယူပြီးမှ တစ်ဆင့် လစာတွက်ချက်ဖို့အတွက် ဆောင်ရွက်ရတာ အချိန် ပိုကုန်စေပါတယ်။

အခုလို Work from Home ကာလအတွင်းမှာလည်း ဝန်ထမ်းတွေရဲ့ Attendance ကို စာရင်း နဲ့ဖြစ်စေ၊ Finger Print Device နဲ့ဖြစ်စေ ကောက်ယူဖို့ အခက်အခဲကို ရင်ဆိုင်လာရပါတယ်။ ဒီအတွက်ကို Innovix HR ရဲ့ Attendance Module အသုံးပြုပြီး ရုံးတက် ရုံးဆင်းချိန်တွေကို အလွယ်တကူ ကောက်ယူလို့ရအောင် ဆောင်ရွက်နိုင်ပါတယ်။

🔷 Payroll 🔷

ဝန်ထမ်းတွေရဲ့ လစာတွက်ချက်တဲ့အခါ ယေဘုယျအားဖြင့် အခြေခံလုပ်ခလစာ, Overtime, Attendance စသည်တို့ကိုအခြေခံပြီး တွက်ချက်ကြရပါတယ်။ ဝန်ထမ်းအင်အားများတဲ့ လုပ်ငန်းတွေမှာဆိုရင် လစာတွက်ချက်ဖို့ အတွက်ကို အထူး အချိန်ပေးရပါတယ်။

ဒီအခါမှာ ဝန်ထမ်းတွေရဲ့ လစာတွေကို တွက်ချက်ပေးဖို့အတွက် အချိန်အများကြီး ပေးစရာမလို တဲ့အပြင် အမှားနည်းစေပြီး တိကျမှန်ကန်စွာနဲ့ အလိုအလျောက် တွက်ချက်ပေးဖို့အတွက်ကို Innovix HR ရဲ့ Payroll Module ထဲမှာ လုပ်ဆောင်နိုင်ပါတယ်။

🔷 Notifications and reminders 🔷

လုပ်ငန်းတွင်းမှာ ကုမ္မဏီနဲ့ ဝန်ထမ်းတွေအကြား အသိပေးစရာ၊ ကြေငြာစရာတွေရှိတဲ့အခါ အချိန်နဲ့ တစ်ပြေးညီ အားလုံးကို ပေးပို့နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ HR Team က များစွာသော ဝန်ထမ်းတွေရဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တစ်ချိန်တည်းမှာ ဝန်ထမ်းအားလုံးကို Manual စနစ်နဲ့ ပေးပို့ အကြောင်းကြားဖို့ဆိုရင် အချိန်ကုန်စေပြီး တစ်ခြားသော လုပ်ငန်းဆောင်တာတွေအတွက် လစ်ဟင်းတာတွေ တွေ့ကြုံရနိုင်ပါတယ်။

Innovix HR မှာတော့ လုပ်ငန်းအတွင်း စည်းကမ်းချက်တွေ၊ Reminders တွေ ပေးပို့လိုတဲ့အခါ Announcement Module ကနေ တစ်ဆင့် ပေးပို့လို့ရပါတယ်။ ဝန်ထမ်းတွေ ဘက်ကလည်း Mobile App ကနေ တစ်ဆင့် ပေးပို့ထားတဲ့ အသိပေးချက်၊ ကြေငြာချက်တွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။

🔷 Recruitment 🔷

ဝန်ထမ်းအသစ် ခန့်အပ်တဲ့ လုပ်ငန်းစဥ်တွေကို လုပ်ဆောင်တဲ့နေရာမှာလည်း အချိန်၊ ကုန်ကျစရိတ်တွေ သက်သာစေဖို့အတွက် Innovix HR ရဲ့ Recruitment Module မှာ အလိုအလျောက်စနစ်နဲ့ စီမံခန့်ခွဲနိုင်ပါတယ်။
ဝန်ထမ်းရှာဖွေ ခန့်အပ်တဲ့အခါမှာ Innovix HR ရဲ့ Recruitment Module ကနေ တစ်ဆင့် ချိတ်ဆက်ပြီး လျောက်ထားလာတဲ့ အင်တာဗျူး Form တွေကို စိစစ်လို့ရပါတယ်။

အဲ့ဒီကနေမှ တစ်ဆင့် လျောက်ထားလာတဲ့ Applicant တွေကို Innovix HR System ကနေ ပထမအဆင့် Interview, ဒုတိယအဆင့် Interview စသဖြင့် ချိန်းဆိုခေါ်ယူနိုင်တဲ့အတွက် အချိန်ကုန်သက်သာစေပြီး အလုပ်လျောက်လွှာ (CV Form) တွေကိုလည်း System ထဲမှာ ရာထူးအလိုက် စနစ်တကျ သိမ်းဆည်းထားနိုင်ပါတယ်။

ဒါ့ကြောင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်ထဲက HR Process တွေကို Software တွေရဲ့ အကူအညီနဲ့ ပိုမိုလျင်မြန်နိုင်အောင် လုပ်ဆောင်လိုတယ်ဆိုရင်တော့ Innovix HR ကို ဆက်သွယ်နိုင်ပါတယ်။ ☎️